ချောက် ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မကျီးကန်ကျေးရွာပြည်သူများအား ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲကို ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူများ၏ မြေယာအသုံးပြုခွင့်ကို ဥပဒေနှင့်အညီပိုမိုခိုင်မာစေရန်၊ မြေယာစီမံခန့်ခွဲမှုကိုစနစ်တကျဖြစ်စေရန်၊ ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်နှင့် ကျေးလက်နေပြည်သူများပိုင်ဆိုင်နေထိုင်သည့်အိမ်ခြံမြေကွက်များကို မြေငှားဂရန်ထုတ်ပေးနိုင်ရေးရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာမြေငှားးဂရန်စာချုပ်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နှင့် ဦးဝင်းနိုင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့်တာဝန်ရှိသူတို့က မကျီးကန်ကျေးရွာပြည်သူများထံလက် ဝယ်အရောက်ပေးအပ်ခဲ့သည်။ အဆိုပါ မကျီးကန်ကျေးရွာသည် အိမ်ခြေ(၁၁၉)၊ ဂရန်ထုတ်ပေးမည့်အရေအတွက် (၁၁၃)ရှိပြီး ဧရိယာ စုစုပေါင်း ၁၆ ဒသမ ၃၇ ရှိကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)