မအူပင်မြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသည့်ဆိုင်များအား‌ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

မအူပင် ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်ရှိ စားအုန်းဆီ လက်လီလက်ကားရောင်းချသည့်ဆိုင်များအား အလေးချိန်ပြည့်ဝစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရန်အတွက် ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က ရှောင်တခင်ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုအား ခတ္တမြို့နယ်စားအုန်းဆီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်နှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်ဦးတို့ပူးပေါင်း၌ မအူပင်မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူး ရောင်းချနေသည့် လက်လီလက်ကားဆိုင် (၂၆) ဆိုင်အား မြေပြင်ကွင်းဆင်း၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိစေရေး၊ သတ်မှတ်ဈေးနှုန်းအား ပြည်သူများ မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားရှိစေရေး၊ သတ်မှတ်ခွဲတမ်းများအား စာအုပ်ဖြင့်အပြည့်အဝ ရောင်းချမှုရှိစေရေး၊ အလေးချိန်မှန်ကန်မှုရှိစေရေးနှင့် မှန် (၆) မှန်အတိုင်း ရောင်းချမှုရှိစေရေး ဆွေးနွေးပြောကြား ပြီး ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)