ကလေးမြို့တွင် (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

ကလေး ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင်လူမှုဝန်ထမ်းရုံးမှ ဖွင့်လှစ်သည့် အသက် (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းကို သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက်နေ့က မြို့နယ် စုပေါင်းရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကလေးခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်မာသင်းမှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများအား တာဝန်ရှိသူ များက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူများမှ ချင်းရိုးရာ အကများ၊ မြန်မာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါသင်တန်းကို ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင် ၂၀ ရက်နေ့အထိ သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားသို့ ခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုရာ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)