တောင်ငူ ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ)၌ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၂၁ ရက်နေ့နံနက် ၇ နာရီခွဲက ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များက လူထုဖြန့်ပျိုးပင်များ ပေးအပ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးပရဟိတ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း (၅၀၀)ဦးမှ ကံ့ကော်၊ ခရေ၊ ပျဥ်းမ၊ ပန်းပိတောက်၊ စိန်ပန်းဝါ၊ မယ်ဇယ်၊ ငုရွှေဝါ၊ တပေဘုတ၊ သစ်မျိုး(၈)မျိုး၊ စုစုပေါင်း(၇၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)