ဒိုက်ဦး ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆)ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မီးသတ်ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးဝေယံကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းမြေ့ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးဝေယံကျော်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မိုးမိုးနိုင်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်သူသူဦး၊ မြို့နယ်စီမံကိန်း ရုံးမှလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မိုးသူ၊ မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းမြင့် ၊ဌာနဆိုင်ရာများ၊ စျေးကော်မတီအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ပြီး သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များမှ သင်တန်းသား/သင်တန်းသူ ၅၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ကို ဇူလိုင် ၂၀ ရက်မှ ၃၀ ရက်ထိ ၁၀ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဒိုက်ဦး(ပြန်/ဆက်)