ကမမောင်းမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုခြင်းပြိုင်ပွဲအခမ်းအနား ကျင်းပ

ကမမောင်း ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထက (ကမမောင်း) ကျောင်းရှိ “သံလွင်ခန်းမ” ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

ဦးစွာ ဖာပွန်မြို့နယ် မြို့နယ်ပညာရေးမှူး ဦးသိန်းဦးက အာဇာနည်နေ့ အထိမ်းအမှတ်အမှာစကားပြောကြားခဲ့ပြီး (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်းစာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ထူးချွန်စွာဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။ 

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့်တကွ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကမမောင်း (ပြန်/ဆက်)