သဲကုန်း ဇူလိုင် ၁၉
နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆ဘဏ္ဍာနှစ်တွင် ရေဆင်းပေါ်ဆန်း-၁(၇၀)ဧက၊ ရေဆင်းပေါ်ဆန်း-(၆၉)ဧက၊ ထိုင်းနှံကောက်(၁၁၆၂၂)ဧက၊ မှော်ဘီ-၂(၁၁၀၀၆)ဧက၊ ရက်-၉၀(၁၁၄၅၄)ဧက၊ ရတနာတိုး(၂၄၉၃၅)ဧက၊ ဗီယက်နမ်(၁၁၅၆၀)ဧက၊ အင်းမရဲဘော်(၈၃၂၄)ဧက၊ ယာ-၁၄ (၈၃၀)ဧက၊ မနောသုခ (၂၂၀၀)ဧက၊ အောင်နိုင်တိုး (၅၄၀)ဧက စုစုပေါင်း(၈၂၆၁၀)ဧက လျာထားလျက်ရှိရာ မိုးစပါးလျာထားဧက ကျော်လွန်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများမှ အလေးထားကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
သဲကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များမှကြီးကြပ်၍ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးနည်းစနစ်များ ကွင်းသရုပ်ပြသခြင်း၊ နှစ်စဥ်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ သဘာဝမြေသြဇာပြုလုပ်နည်းများ သရုပ်ပြသခြင်း၊ သွင်းအားစုဓာတ်မြေသြဇာများကို သက်သာသောစျေးနှုန်းဖြင့် တောင်သူများအားဖြန့်ဖြူးပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းဆင်းသရုပ်ပြသပေးခြင်းလုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် တောင်သူအသိပညာပေးဟောပြောပွဲများကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)