ဘားအံ ဇူလိုင် ၁၈
နိုင်ငံတော်၏ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲသုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုများသာမက ၎င်းတို့၏မိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်ပုံစံများ မြှင့်တင်ပေးရန်ရည်ရွယ်ပြီး ကျောင်းအတွင်း ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရကျွေးမွေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်း နာယက ဒေါ်နန်းဘေဘီမြင့်နှင့် အသင်းဝင်များ၊ ပြည်နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘားအံမြို့ရှိ အခြေခံပညာကျောင်းနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မူလတန်းကြိုကျောင်းသို့ သွားရောက်၍ အာဟာရပြည့်အစားအစာများအား ဝေငှပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက ဒေါ်နန်းဘေဘီမြင့်နှင့် အသင်းဝင်းများ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး စစ်ဆေးကုသပေးနေမှုအခြေအနေများ၊ အဆိုပါကျောင်းခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးဟောပြောသည့် စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ ဟောပြောပွဲသို့တက်ရောက်အားပေးပြီး KG ကလေးငယ်များအား အာဟာရပြည့် MILO နို့ဗူးများနှင့် နို့ပေါင်မုန့်များအား ဝေငှပေးခဲ့ကြောင်း အလားတူ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ အမှတ် (၂) မူလတန်းကြိုကျောင်းသို့ သွားရောက်ကာ မူလတန်းကြိုကျောင်းရှိ ကလေးငယ်လေးများအား နွေးထွေးစွာပြောဆိုဆက်ဆံပြီး အာဟာရပြည့်နို့ဗူးများနှင့် ပေါင်မုန့်များအား ဝေငှပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)