ကသာ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာအဖြစ် ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန်အတွက် ငှက်ပျောပင်များစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါငှက်ပျောပင်စိုက်ပျိုးပွဲတွင် ကသာခရိုင် စိုက်ပျိးရေးဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူး ဦးအေးဝင်းက ငှက်ပျောစိုက်ပျိူးနည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများက ဖီးကြမ်း၊ သီးမွှေး၊ ရွှေငှက်ပျောပင် (၆၀၀)ပင်အား စိုက်ပျိုးပေးခဲ့ကြသည်။
ထိုသို့ငှက်ပျောပင်စိုက်ပျိုးခြင်းကို အခြေခံပညာကျောင်းများဖြစ်သော အ-ထ-က(၁)တွင် ငှက်ပျောပင် (၅၀)ပင်၊ အ-ထ-က(၃)တွင် ငှက်ပျောပင် (၁၀)ပင်၊ အ-လ-က(၃)တွင် ငှက်ပျောပင် (၂၀)ပင်၊ မူလွန်(၁)တွင် ငှက်ပျောပင် (၃၀)ပင်၊ မူလွန်(၃)တွင် ငှက်ပျောပင် (၂၀)ပင်၊ အ-ထ-က(ခွဲ)လ(၁)တွင် ငှက်ပျောပင် (၁၀၀)ပင်၊ အ-ထ-က(၂)တွင် ငှက်ပျောပင် (၆၀၀)ပင်တို့ကို ကျောင်းမြေအကျယ်အဝန်းအလိုက် အသီးသီးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)