၂၀၂၆/၂၀၂၇ ပညာသင်နှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

နတ်မောက် ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ၂၀၂၆/၂၀၂၇ ပညာသင်နှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူလေးများက (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီ၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသည့် ကျောင်းသား/သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအ သင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက ဆုလက်ဆောင်များကို အသီးသီးချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း