မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မြို့သစ် ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာ ဗဟုသုတ ရရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပုတီးကုန်းကျေးရွာအုပ်စု၊  ပုတီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲတွင် အ.လ.က(ခွဲ) ပုတီးကုန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းက အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က  (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအား စားသုံးရန်မသင့်သည့် စားသောက်ကုန်များနှင့် ကျန်းမာရေးဆိုးကျိုးများကို အသိပညာပေး ဟောပြောပြီး ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)