မိုးညို ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ အားကစားရုံအတွင်း၌ ကျင်းပသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို အသင်း (၈) သင်းဖြင့် ကျင်းပခဲ့ပြီး ယခုဗိုလ်လုပွဲသို့ ရောက်ရှိလာသည့် အညာမြေအသင်းနှင့် စံရတနာအသင်းတို့ယှဉ်ပြိုင်ကြရာ စံရတနာအသင်းမှ အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုများကိုချီးမြှင့်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က ပထမဆုရရှိသည့် စံရတနာအသင်းအား ဒိုင်းဆုနှင့်ဆုငွေများ ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မျိုးမျိုးမင်းကြည်တို့က ဒုတိယဆုရရှိသည့် အညာမြေအသင်းအား လည်ဆွဲဆုတံဆိပ်နှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)