ဝေါ ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်းကျင်းပသည့် အင်ဂျင်စွမ်းအားသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်း၌ အရှေ့ဘက်ကမ်းအုပ်စုအတွင်းရှိ တောင်သူ ဒေါ်မာလာမင်း ပိုင်ဆိုင်သော လယ်မြေ (၁၀) ဧက၌ ကျင်းပကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက အင်ဂျင်စွမ်းအားသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် ဆင်းသုခမျိုး (Rs) မျိုးအား လက်တွေ့စိုက်ပျိုးသရုပ်ပြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများ တက်ရောက်ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)