ညောင်တုန်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်ဆွေက ခွေးရူးပြန်ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ အိမ်မွေးတိရစ္ဆာန်(ခွေး၊ကြောင်) များကိုခွေးရူးရောဂါမဖြစ်အောင် ကာကွယ်နိုင်သည့်နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါလက္ခဏာများ၊ သတိထားလိုက်နာရမည့်အချက်များစသည့် ခွေးရူး ပြန်ရောဂါကာကွယ်ရေး သိကောင်းစရာများကို အသိပညာပေးဟောပြောဆွေးနွေးပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည် ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)