သာပေါင်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊(မိုးစပါး)ဆန်စပါး စိုက်ပျိုးရေးဇုန်(Rice Export Zone) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် Hsu Yie San Co.,Ltd. မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲနှင့်သဘောတူစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုး တတ်မြင့်မားရေးကော်မတီအတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးနိုင်မော်လွင် က Rice Export Zone ဆောင်ရွက်သည့်လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကိုကိုဇင် က တောင်သူများ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မီစပါး/ဆန်ထွက်ရှိရေး၊ အတွေ့အကြုံရှိရေး ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိူးထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီဥက္ကဌ ဦးမင်းဧရာထိုက် က ကုမ္ပဏီ/တောင်သူများ SOP နှင့်အညီ သစ္စာရှိစွာဆောင်ရွက်ရေး၊ ကုမ္ပဏီက ဆောင်ရွက်မည့် ဧက (၄၀၀၀)၊ ကျေးရွာအုပ်စု (၈)အုပ်စုမှ တောင်သူများ စနစ်တကျစာချုပ်ချုပ်ဆို၍ အောင်မြင်အောင် ဆောင်ရွက်ရေးမှာကြားပြီး အတွင်းရေးမှူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဦးမျိုးမြင့်လွင်က သွင်းအားစုများအရည်အသွေးပြည်မီရေး၊ ကုမ္ပဏီမှတာဝန်ရှိသူများက စာချုပ်ချုပ်ဆို တောင်သူများစိုက်ပျိုးမှုများကို အခါအားလျော်စွာစစ်ဆေးကြပ်မတ်ရေး၊ စာချုပ်ချုပ်ဆိုမှုအား စစ်ဆေး၍ အတည်ပြုချက်ရရန်တင်ပြရေးပြောကြားကာ ကုမ္ပဏီတာဝန်ခံဦးသက်စိုးမင်းက ကျေးရွာအုပ်စု(၈)အုပ်စုမှတောင်သူများအား၊ ပထမအကြိမ် (၁၀၀၀၀ဝ)ကျပ်နှုန်းဖြင့် သွင်းအား စုများပေးအပ်ကာ စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်