ပခုက္ကူ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပရာ အ.လ.က(၁)မှ မူလတန်းကျောင်းသား/ကျောင်းသူ ၂၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်ဝင်းမေမှ တတိယဆုရရှိသူ မသီရိရွှန်းလဲ့ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ဒုတိယဆုရရှိသူ မဟန်နီကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်တင်မာမျိုးမှ ပထမဆုရရှိသူ မောင်ဟိန်းသီဟဇံ ကိုလည်းကောင်း ဆုများအသီးသီးချီးမြှင့်ကြပြီးနောက် စာကြည့်တိုက်ခန်းမ ကလေးစာဖတ်ခန်း၌ အကြီးတန်းစာရေး ဒေါ်ဇင်မာဝင်းမှ “အတူတကွ” ဟူသည့် ခေါင်းစဉ်ဖြင့် ပုံပြင်ပြောပြရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစား နားထောင်ကြသည်။ ဆက်လက်၍ စာကြည့်တိုက်ခန်းမ၌ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များကို ကြည့်ရှုကြကာ ပြတိုက်ငယ်တွင်ပြသထားသည့် ပခုက္ကူမြို့ရှိ ထင်ရှားသော ဘုရားစေတီပုထိုးများနှင့် ရိုးရာလက်မှုအထည်များ၊ ပစ္စည်းများကို စာကြည့်တိုက်မှူး ဒေါ်ဝင်းမေမှ ရှင်းလင်းပြောပြရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစားနားထောင်ကြပြီး နံရံကပ်ပြဘုတ်များ၌ပြသထားသည့် ရှောင်လေဝေးဝေးမူးယစ်ဆေးနှင့် အခြားသိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ကြည့်ရှုကြကြောင်း သိရသည်။
ချိုးဘာမီ