မင်းတုန်းမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မင်းတုန်း ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပရာ ကျောင်းသား/ သူ (၇၀) ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိ ရံကပ်စာစောင်ပြပွဲ ဆက်လက်ကျင်းပရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)