စလင်း ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသည့် စားအုန်းဆီအရောင်းဆိုင်များအား ရည်ညွှန်းသတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့်တာဝန်ရှိပူးပေါင်းအဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ရည်ညွှန်းစျေးသတ်မှတ်စျေးနှုန်းနှင့်အညီ စနစ်တကျ စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိပျက်ကွက်ခြင်းများနှင့် မသမာမှုများဆောင်ရွက်ခြင်းများမဖြစ်ပေါ်စေရေး သတ်မှတ်ရည်ညွှန်းစျေး သတ်မှတ်ပမာဏအတိုင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းများကို စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ တာဝန်ခံ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းလင်းမောင်ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က စားအုန်းဆီများရောင်းချသည့် ဆီဆိုင်များအားရည်ညွှန်းစျေးအတိုင်း ဗီနိုင်းပိုစတာများချိတ်ဆွဲ၍ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိအလေးချိန်အချဥ်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ဆီထုတ်ယူဝယ်ယူရာ၌ ဆီစာအုပ်များဖြင့် စနစ်တကျရောင်းချဝယ်ယူနိုင်စေရေး မိမိတို့ရရှိသည့် ဆီခွဲတမ်းပိသာများအလိုက် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ပြည်သူများထံ အမှန်တစ်ကယ် ရောင်းချမှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးနှုန်းများမှန်ကန်စေရေးအလေးချိန်ပြည့်ဝစေရေး စားအုန်းဆီများ၏ ဆီအရည်အသွေးပြည့်ဝစွာရောင်းချနေမှုများ စားအုန်းဆီများကို တရားမဝင်တင်သွင်းရောင်းချမှုမရှိစေရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပြည်သူများ ဆီဝယ်ယူစားသုံးမှုအဆင်ပြေစေရန် ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချစေရေးတို့ကို ဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးစီးမှူး ဦးဆန်းလင်းမောင်နှင့်တာဝန်ရှိသူများလိုက်ပါ၍ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသည့် ဆီဆိုင်များအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မောင်လွင် (စလင်း)