ထန်းတပင် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ကြယ်စင်ရတနာအသင်းနှင့် ပြည်ထဲရေးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ပြည်ထဲရေးအသင်းမှ (၂) ဂိုး ကြယ်စင်ရတနာအသင်းမှ (၁) ဂိုးဖြင့် ပြည်ထဲရေးအသင်းမှ ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။
ဆက်လက်၍ ပွဲစဥ်အလိုက်ယှဥ်ပြိုင်ခဲ့သော ရှေ့တန်းအကောင်းဆုံးအားကစားသမားဆု အလယ်တန်းအကောင်းဆုံးအားကစားသမားဆု၊ နောက်တန်းအကောင်းဆုံးအားကစားသမားဆု ၊ ဂိုးသမားအကောင်းဆုံးအားကစားဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ပြီး တတိယရရှိသော ထန်းတပင်လူငယ်အသင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးသိန်းက လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုချီးမြှင့်ပေးကာ ဒုတိယရရှိသော ကြယ်စင်ရတနာအသင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တင်ထွန်းက လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်ပေးပြီး ပထမဆုရရှိသော ပြည်ထဲရေးအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)