စေတုတ္တရာမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

စေတုတ္တရာ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများက ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ အထက်တန်း စာစီစာကုံးပြိုင်ပွဲတွင် မျက်ရည်မိုးဖြိုင် ၁၉ ဇူလိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းစာစီစာကုံး ပြိုင်ပွဲတွင် ပြည်သူလွမ်းသည် အာဇာနည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းတန်းစာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၄ ဦးတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကိုကို (ပြန်/ဆက်)