ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းလျာထားမှုများ တွေ့ဆုံဆွေးနွေး

ချောက် ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နှစ် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းလျာထား‌ဆောင်ရွက်မည့်အ‌‌ခြေအနေများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်‌နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်​ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ‌တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်း‌‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၉ -၂၀၃၀ ဘဏ္ဍာရေးနှစ်အထိမိမိဦးစီးဌာနမှ ကျေးလက်ရေပေးရေးလုပ်ငန်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း၊ ကျေးလက်လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ စံပြကျေးရွာဖော်ဆောင်ရေးစီမံကိန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းအစရှိသည့် စီမံကိန်းလုပ်ငန်းလျာထားရွေးချယ်ဆောင်ရွက်မည့်အ‌‌ခြေအနေများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်မူဝါဒနှင့်အညီ ချပြဆွေးနွေးခဲ့ရာ တက်ရောက်လာသူများကလည်း ဖြည့်စွက်အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)