ရေတာရှည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်များထုတ်ပေး

ရေတာရှည် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊‌ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်သမဝါယမကဏ္ဍမှ အကောင်အထည်ဖော်လျက်ရှိသည့် စံပြ‌ကျေးရွာများတွင်‌ မွေးမြူရေးလုပ်ငန်းအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ချေးငွေနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် ချေးငွေရယူသူ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စာချုပ်ပါ စည်းကမ်းချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါအခမ်းအနားသို့ ရေတာရှည်မြို့ မြို့နယ်နိုင်ငံစီးပွါးမြှင့်တင်ရေးကြီးကြပ်မှု ကော်မတီအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်(၆)ဦးအား နိုင်ငံစီးပွားမြှင့်တင်ရေးထုတ်ချေးငွေ ကျပ်(၉၅) သန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)