လက်ပံတန်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက အ-ထ-က (၁)ကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်လဲ့ရည်ဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် Book Club အဖွဲ့ဥက္ကဋ္ဌ ဆရာကြီးဦးမြင့်သိန်းတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူများက လူငယ်နှင့် လူမှုကွန်ရက် မီဒီယာ၊ လူငယ်နှင့် ကြောင်းကျိုးဆင်ခြင်ဉာဏ် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)