ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က (အိုးဘိုကုန်း) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း    ဇူလိုင်   ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို အ.ထ.က (အိုးဘိုကုန်း) ကျောင်း၌ ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန်၊ ကျောင်းသားလူငယ်လေးများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် စသည့်အကြောင်းအရာများနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ပြီး စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သင်းသင်းထွေးက လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ပြသခဲ့ကြပြီ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)