အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းများဆောင်ရွက်

အုတ်ဖို ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းများကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းရွေးချယ်ရေး အဖွဲ့များက ကြီးကြပ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြီးကြပ်ရေးအဖွဲ့များကို ဖွဲစည်းတာဝန်ပေးအပ်ရာတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ၌ အနည်း ဆုံး (၅)နှစ် နေထိုင်သူဖြစ်ပြီး အများကြည်ညို လေးစားသူဖြစ်ရမည်။ အိမ်ထောင်စုလူဦး ရေ စာရင်းရှိပြီး၊ ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်ရန် သူကိုယ်တိုင် လည်း ဆန္ဒရှိရပါမည်။ အဆိုပါ သတ်မှတ်ချက်ပြည့်စုံသူများကို ရပ်ကွက်/ကျေးရွာမှ အိမ်ထောင်စုကိုယ်စားလှယ်များက ဆန္ဒပြု ရွေးချယ်ခြင်း ဖြစ်ကြောင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းများကို မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းရွေးချယ်ရေးအဖွဲ့ (၁၂)ဖွဲ့ဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)