သရက် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်း (ရွှေဘုံသာကျောင်း)ရှိ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက စာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲတွင် သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က အာဇာနည်နေ့ဖြစ်ပေါ်လာခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုများနှင့် အာဇာနည်နေ့တွင် ထူးခြားဖြစ်စဉ်မှုများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်အေးငြိမ်းသူနှင့် ကျွမ်းကျင်-၃ရုပ်သံ ဒေါ်ဇာခြည်လွင်တို့က KG,G1,G2 ကျောင်းသား၊ကျောင်းသူများတို့ကို ရုပ်ပြပုံပြင်စာအုပ်များဖြင့် ဖတ်ပြပြောကြားပေးခြင်း နှင့်ကဗျာရွတ်ပြပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)