အောင်လံ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ သံရွာကျေးရွာအုပ်စု၊ သံရွာကျေးရွာတွင် မိုးပဲတီစိမ်း စိုက်ခင်းပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက် ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါစိုက်ခင်း၌ ကျင်းပသည်။
အဆိုပါ မိုးပဲတီစိမ်း ပန်းတိုင်အထွက်နှုန်း ရရှိရေး ကွင်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်/ဆည်မြောင်း) တို့မှ တာဝန်ရှိသူများ တက်ရောက်သည်။
ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများက သံရွာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၈)၊ ဦးပိုင်အမှတ် (၉၆) ရှိ တောင်သူ ဦးလုံး၏ မိုးပဲတီစိမ်း စိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် (၂၀.၂၅) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)