နတ်မောက်မြို့၌ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇူလိုင်(၁၉)ရက်နေ့၌ ကျရောက်မည့်(၇၉)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ မျိုးဆက်သစ်ကျောင်းသား/သူများ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားနှင့် သမိုင်းကြောင်းတို့ကို မမေ့လျော့စေရန်အတွက် ရည်ရွယ်၍အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က အာဇာနည် နေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်()ဦး၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများကို ပြောကြားခဲ့ပြီး ပန်းချီပြိုင်ပွဲတွင်သဘာဝအရောင်နှင့် အနီးစပ်ဆုံး ဆေးရောင်ခြယ်သနိုင်သူ၊ အနီးအဝေး၊ အလင်းအမှောင်၊ သေသပ်မှုတို့ကို အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းများရှိ ကျောင်းသား/ သူစုစုပေါင်း(၃၀)ဦးတို့က၁၉ ဇူလိုင်မမေ့နိုင်ခေါင်းစဥ်ဖြင့် စိတ်အားထက်သန်စွာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

လှဝင်း