ချောက် ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော အိမ်ထောင်စု(၃၀)စု၊ လူဦးရေ(၁၃၄)ဦးတို့အား ဆန်ရိက္ခာထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ၁နာရီအချိန်က ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပေးအပ်ခဲ့သည်။
ချောက်မြို့၊အမှတ်(၇)ရပ်ကွက် ရွာဟောင်းရပ်နှင့် အုတ်ဖိုရပ်၊ အမှတ်(၈)ရပ်ကွက် ပုဂံစုရပ်တို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စု(၃၀)စု၊ အိမ်ခြေ(၃၀)လုံး၊ လူဦးရေ စုစုပေါင်း(၁၃၄)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၅၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၇၀၀၀၀) ထောက်ပံ့ငွေများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးစိုးလွင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းတို့မှ ရေဘေးရှောင်အိမ်ထောင်စုဝင်များ ကိုယ်စားသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)