ပဲခူးတက္ကသိုလ်သမိုင်းဌာနမှ ကျောင်းသား၊ ကျောင်းသူများ ပဲခူးတိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်လေ့လာ

ပဲခူး ဇူလိုင် ၁၅

ပဲခူးတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာတင်မောင်ထွေး ဦးဆောင်သော ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်လေ့လာခဲ့ရာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့သည်။

လေ့လာရေးအစီအစဉ်အတွင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက လွှတ်တော်၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ လွှတ်တော်အစည်းအဝေးများ ကျင်းပဆောင်ရွက်ပုံနှင့် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များအပါအဝင် လွှတ်တော်၏ အထွေထွေဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ပုံများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ လွှတ်တော်ဥက္ကဋ္ဌက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ပါမောက္ခ ဒေါက်တာတင်မောင်ထွေးနှင့် ကျောင်းသား၊ ကျောင်းသူများသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၊ ကော်မတီအစည်းအဝေးခန်းမများနှင့် လွှတ်တော်အဆောက်အအုံအတွင်းရှိ လုပ်ငန်းဆောင်ရွက်ရာ နေရာအသီးသီးအား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)