ချောက် ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အ.မ.က(၈၀) မူလွန်ရွှေသူဌေးကုန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မူလွန်ရွှေသူဌေးကုန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ခိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ကျောင်းသား/ကျောင်းသူများ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စာဖတ်ပုံ၊ စာဖတ်နည်းနှင့် လွယ်ကူစွာဖတ်မှတ်လေ့လာနိုင်မည့်နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးရန်မသင့်သော အစားအစားများနှင့်ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်၀ယ်ယူ စားသောက်ရေးအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း၊ ကျောင်းသား/ကျောင်းသူများ မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန်များတွင် အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ်ကင်းသော အစားအစားများသာဝယ်ယူရရှိနိုင်ရေး အ.မ.က (၈၀) မူလွန်ရွှေသူဌေးကုန်းကျောင်းရှိ ရောင်းချသောမုန့်စျေးဆိုင်အား စားသုံးသူအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)