ကျွန်းလှ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ဧက ၆၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီ ပဲစင်းငုံစိုက်ပျိုးဖို့ ၁၁၅၄၁ ဧကလျာထားတဲ့အနက် လက်ရှိအချိန်အထိ ၆၁၉၅ ဧကစိုက်ပျိုးပြီးဖြစ်ပါတယ်။ ပဲစင်းငုံစိုက်ပျိုးရာမှာ သီးသန့်စိုက်ပျိုးကြသလို မြေပဲ၊ အစေ့ထုတ်ပြောင်းသီးနှံတို့နဲ့ သီးညှပ်လည်းစိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ပဲစင်းငုံစိုက်ပျိုးသည့် တောင်သူများအား မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ တွဲဖက်အသုံးပြုရေး ကွင်းသရုပ်ပြခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၅၆၉၆ ဧက၊ ပဲမျိုးစုံ ၁၅၁၈၂ ဧက၊ ဆီထွက်သီးနှံ ၇၇၄၅ ဧက၊ ဝါ ၄၄ ဧက၊ အခြားသီးနှံ ၂၂၄၅၃ ဧက၊ နှစ်ရှည်ပင် ၁၅၃၉ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)