ဘောလခဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်ခြင်းဆောင်ရွက်

ဘောလခဲ  ဇန်နဝါရီ  ၂၄

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေး ခံစားနေရသည့် ဘိုး/ဘွားများအား လူမှုရေးပင်စင်ပုံမှန် ကျပ်သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့  နံနက် ၁၀ နာရီအချိန်က  မြို့ပေါ် ရှမ်းပိုက်းရပ်ကွက်နှင့် ကယားပိုင်းရပ်ကွက်အတွင်း၌ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ထ ထောက်ပံ့ငွေပေးအပ်ရာတွင် ဘောလခဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ ဘောလခဲခရိုင် လူမှုဝန်ထမ်းရုံး မှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ မြို့နယ်ဦးစီအရာရှိ ဒေါ်ယဉ်ယဉ်မွှေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ်နှင့် အထက် ဘိုး/ဘွားများအား ထောက်ပံ့ငွေ ကျပ်သုံးသောင်းကို  နေအိမ်များသို့ သွားရောက် ထောက်ပံ့ပေးကြောင်း သိရသည်။

ဘောလခဲမြို့နယ်နှင့်ရွာသစ်မြို့အတွင်းရှိ အဘိုး(၈)ဦးနှင့် အဘွား(၁၉)ဦး စုစုပေါင်း ဘိုး/ဘွား (၂၇) ဦးအတွက် ထောက်ပံ့မည့်ငွေမှာ (၈၁၀၀၀၀)ကျပ် ဖြစ်ပြီး အသက်(၁၀၀)နှစ်နှင့်အထက် အဘွား(၁) ဦးအတွက် ထောက်ပံ့ပေးမည့်ငွေမှာ (၃၀,၀၀၀) ကျပ် ဖြစ်ကြောင်း သိရသည်။

လှရွှေ