ဟုမ္မလင်းမြို့၌ သက်တမ်းကုန်ရက်လွန် ဆေးဝါးနှင့် စားသောက်ကုန်များ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

ဟုမ္မလင်း ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဟုမ္မလင်းမြို့နယ်စားသုံးသူရေးရာတာဝန်ခံ ဒေါ်ခင်စန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများက ပူးပေါင်း၍ ဟုမ္မလင်းမြို့တွင်းရှိ၊ အခြေခံစားသောက်ကုန် ကုန်စုံအရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်းဆိုင်များတွင် သက်တမ်းကုန်ရက်လွန်ဆေးဝါးနှင့် စားသောက်ကုန်များရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့ အခြေခံစားသောက်ကုန်စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆန်၊ ဆီ လုံလောက်မှုရှိ/မရှိ၊ ချိုမှုန့်၊ မုန့်များ၊ ကိတ်မုန့်များနှင့် ကုန်းပစ္စည်းများစစ်ဆေးခဲ့ရာ မုန့်များမှာ Date မပါရှိခြင်းနှင့် ဂျယ်လီမှာသက်တမ်းကုန်လွန်ခြင်းများ၊ ဆေးဝါးများဆေးဆိုင်တွင်လည်း သက်တမ်းကုန်လွန်ခြင်းများအား ရောင်းချမှု ရှိ/ မရှိ၊ မြို့နယ်အတွင်းရှိဈေးဆိုင်များ ပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူတို့က ပြည်သူလူထုတို့အား ပညာပေးဟောပြောခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ဟုမ္မလင်း( ပြန်/ဆက်)