ဖြူးမြို့နယ်စားအုန်းဆီရောင်းချမှု စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဖြူး ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စားအုန်းဆီရောင်းချမှု စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင် ဦးဆောင်၍ မြို့နယ်အတွင်းရှိ စားအုံးဆီ လက်လီ/လက်ကား အရောင်းဆိုင်များအား ယမန်နေ့ မွန်းလွဲပိုင်းက စားအုန်းဆီရောင်းချနေမှုများအား ကြပ်မတ်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စားအုန်းဆီများရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန် သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)