မြဝတီ ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ထိုင်းမြန်မာချစ်ကြည်ရေး အမှတ်(၁)တံတား၌ ယနေ့နံနက် ၉နာရီက ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၆ ခုနှစ်အတွင်း ပြည်ဝင်ခရီးသွားဧည့်သည်များ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကိုသိရှိစေရန်အတွက် ပြည်ဝင်ခရီးသွားစစ်တမ်း(Inbound Tourism Survey- 2026) ပထမအကြိမ်ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ အမှတ် (၂၇၅)ခြေလျင်တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမျိုးလွင်၊ ခရိင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်း၊ လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(မြဝတီ) ကရင်ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သာအောင်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းနိုင်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဦးထွန်းထွန်းနိုင်နှင့်ခရိုင် အဆင့်ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်ရှိသည့် မြဝတီမြို့တွင် ပြည်ဝင်ခရီးသွားဧည့်သည် များ၏ခရီးသွားလာမှုအနေအထား များ၊ မြန်မာနိုင်ငံသို့လည်ပတ်ရခြင်းရည်ရွယ်ချက်၊ နေထိုင်မှုကာလ၊ အသုံးစရိတ်၊ ဝန်ဆောင်မှုဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းနှင့် ဟိုတယ်များတွင် တည်းခိုသော ပြည်ဝင်ခရီးသွားများထံမှ QR Code ဖြင့် Online Survey ကောက်ယူခြင်းလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊မြဝတီရုံးခွဲမှ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁)နယ်စပ်ဂိတ်တွင် ဇူလိုင်(၁၃)ရက်မှ(၁၆)ရက်အထိ THAI ဘာသာ Form ဖြင့် ပြည်ဝင်ခရီးသွားစစ်တမ်း-၂၀၂၆ ပထမအကြိမ် ကောက်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)