ကလေး ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ကလေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မျှင်ဝါးပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကလေးအကျဉ်းဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါးပင်စိုက်ပျိုးပွဲတွင် ကလေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးကီးခွီရှိန်းနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက မျှင်ဝါးပင် ၁၀၀ အားစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)