ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲ လျာထားဧက (၁၅၃၄၃) ဧကအနက် (၅၂၈၆) ဧက စိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးမြေပဲလျာထားဧက (၁၅၃၄၃)ဧက အနက်တွင် (၅၂၈၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ် မိုးရာသီ မိုးမြေပဲကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် ပိုးမွှားများကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊  သဘာဝမြေဩဇာ၊   သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေး  ပြုလုပ်သုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)