ဒုံဟီးမြို့၌ ဌာနဆိုင်ရာများပူးပေါင်း၍ အ.မ.က(ထမ်းယုန်း)နှင့် အ.မ.က(မီတဲ) ကျောင်းများတွင် ငှက်ပျောပင်စိုက်ပျိုးပွဲဆောင်ရွက်

ဒုံဟီး ဇူလိုင် ၁၂

နာဂဒသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့၌ဌာနဆိုင်ရာများစုပေါင်း၍ ဒုံဟီးမြို့၊အ.မ.က(ထမ်းယုန်းနှင့်) အ.မ.က(မီတဲ)ကျောင်းတို့တွင် ငှက်ပျော ပင်စိုက်ပျိုးခြင်းကို အဖွဲ့ (၂) ဖွဲ့ခွဲကာ ဇူလိုင်လ (၁၁)ရက် နံနက် ၈:၀၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ငှက်ပျောပင်စိုက်ပျိုးခြင်း ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဌေး ဦးဆောင်ကာ အ.မ.က(ထမ်းယုန်း)နှင့် အ.မ.က (မီတဲ) ကျောင်းများတွင် ကျောင်းဝန်းတို့တွင် ဖီးကြမ်းငှက်ပျော စုစုပေါင်း (၈၀) ပင်အား ၆ ပေအကွာအဝေးဖြင့် ပင်ခြားတန်းခြား၍  ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဒုံဟီး(ပြန်/ဆက်)