ရွှေဘို ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်နှင့် နေ့စဉ်ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန် ရည်ရွယ်၍ ဖီးကြမ်းငှက်ပျောများ သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာမင်းက ငှက်ပျောစိုက်ပျိုးနည်းစနစ်များနှင့် ရှင်သန်ကြီးထွားရန် ပြုစုပျိုးထောင်ရမည့်နည်းလမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဖီးကြမ်းငှက်ပျော (၂၄) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)