အိမ်မဲမြို့နယ် အ-ထ-က(ခွဲ)ရုံးတောတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

အိမ်မဲ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရုံးတောကျေးရွာ၊ အ-ထ-က(ခွဲ) ရုံးတောကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ -ထ-က(ခွဲ) ရုံးတောကျောင်အုပ်ဆရာမကြီး ဒေါ်မူမူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အောင်မြင်မှု၊ စာပေဖတ်ရှုခြင်း၏အကျိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုးအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်ပြီး  လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ အဆိုပါကျောင်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်အောင်မြင့်မြတ်၊ စောမူးတော၊ မလပြည့်ဝန်း၊ မမြသဇင်တို့က “မူးယစ်ဆေးဝါးဆိုသည်မှာ”၊ “မူးယစ်ဆေးဝါးသုံးစွဲမိသည့် အကြောင်းအရင်းများ”၊ “မူးယစ်ဆေးဝါးသုံးစွဲသူ၏ သွင်ပြင်လက္ခဏာများ”၊ “မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သောစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ” အစရှိသည့် ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး သိရှိလိုသူများကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ ရရှိစေမည် စာအုပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်(ပြန်/ဆက်)