ဗန်းမောက် ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နားယကာကျေးရွာ၌ နွေစပါးစိုက်စနစ် မှန်ကန်ရေးနှင့် ပိုးမွှားကင်းထောက်မှတ်တမ်းယးခြင်း ကွင်းဆင်းစစ်ဆေးမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
တောင်သူများကို နည်းပညာရှင်းလင်းမျှဝေပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုးနှင့် ကွင်းဝန်ထမ်းများက တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် စိုက်ပျိုးရေးနည်းပညာများကို ကွင်းဆင်းမျှဝေရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးနည်းပညာများ မျှဝေပေးခြင်းဖြင့် တောင်သူများ သီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်တိုးကောင်းမွန်ခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ အရည်အသွေး ကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်းသော မျိုးကောင်းမျိုးသန့်များ ရရှိနိုင်စေရန်အတွက် ဒေသအတွင်းတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ဒေသခံတောင်သူများ၏ မိသားစုများအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးအမြတ်များစွာ ရရှိနိုင်မှာဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုးထံမှ သိရသည်။
ကျော်စွာ(ဗန်းမောက်)