စစ်ကိုင်းမြို့ပတ္တမြားပန်းခြံတွင် အရိပ်ရပင်၊ ပန်းအလှပင်များ စိုက်ပျိုး

စစ်ကိုင်း ဇူလိုင် ၁၁

စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ပတ္တမြားရပ်ကွက်ရှိ ပတ္တမြားပန်းခြံတွင် အရိပ်ရပင်၊ ပန်းအလှပင်များစိုက်ပျိုးခြင်းနှင့် ပညာရေးတက္ကသိုလ်အဝင်လမ်းတွင် ချုံရှင်း မြက်ဖြတ်ခြင်းများကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝဏ္ဏအောင်နှင့် ဝန်ထမ်းများသည် ပတ္တမြားပန်းခြံမြေနေရာသစ်တွင် အရိပ်ရပင်နှင့် ပန်းအလှပင်များ ဖြစ်သည့် ခရေပင်နှင့် ကံ့ကော်ပင်များကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး ပညာရေးတက္ကသိုလ် အဝင်လမ်း လမ်းဘေးဝဲယာတစ်လျှောက် ချုံရှင်း မြက်ဖြတ်ခြင်း၊ အပင်ကြီးများ အောက်ခြေရှင်းလင်းပြီး အလင်းဖွင့်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)