ကြံခင်းမြို့၌ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်

ကြံခင်း ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အရ ဥပဒေရေးရာဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် မြန်အောင်ခရိုင်ဥပဒေရုံးတို့၏ ကြီးကြပ်မှုဖြင့် ကြံခင်းမြိုနယ်ဥပ‌ဒေရုံးမှကျင်းပပြုလုပ်သော ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယ‌မန်နေ့နံနက် (၉)နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင်ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိနှင့်ဝန်ထမ်းများ၊ သင်တန်းသားများ စုစုပေါင်း ၁၃၀ ဦးခန့် တက်‌ရောက်ခဲ့ ကြသည်။

ဦးစွာ မြန်အောင်ခရိုင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဒေါ်စွမ်းရည်မြင့်က “နိုင်ငံသားတိုင်း တရားဥပဒေ စိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်း ဥပဒေအသိပညာရရှိစေရေးနှင့် ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရေး” တို့နှင့်အညီ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေဆိုင်ရာအခြေခံအသိပညာများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပြည်သူများအား ဥပဒေအသိပညာပေးနိုင်မည့် နည်းလမ်းများကို သိရှိနားလည်လာစေရန် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က သင်တန်းသားများအနေဖြင့် သင်ကြားပို့ချမည့် ဥပဒေဗဟုသုတများကို ဂရုတစိုက် စိတ်ပါဝင်စားစွာ လေ့လာမှတ်သားသင်ယူကြပြီး၊ ရရှိလာသော ဥပဒေအသိပညာများကို မိမိတို့ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ပြည်သူများအား ပြန်လည်မျှဝေပေးကာ ဥပဒေအသိပညာပြန့်ပွားရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း လမ်းညွှန် မှာ ကြားသည်။

ထို့နောက်တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများကို အသီးသီးပေးအပ်ကြရာ သင်တန်းသားများက လက်ခံရယူကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ တာဝန်ရှိသူများက မြို့နယ်ဥပဒေရုံးမှ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုတို့မှ သင်တန်းသား ၃၅ ဦးတက်ရောက်လျက်ရှိပြီး၊ သင်တန်းနည်းပြအဖြစ် မြို့နယ်ဥပဒေအရာရှိ ဦးရဲနိုင်၊ သင်တန်းကြီးကြပ်သူအဖြစ် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ထိုက်ထိုက်ပန်တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းကာလမှာ ဇူလိုင်(၁၀)ရက်နေ့မှ ဇူလိုင်(၁၂)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)