ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင်း သတိပေးနှိုးဆော်

ဟုမ္မလင်း ဇူလိုင်လ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းရိုင်၊ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သည် ၂၉၀၀ စင်တီဖြစ်ပြီး ယမန်နေ့ ၁၅ နာရီ ၃၀ မိနစ်တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၂၈၂၉ စင်တီမီတာ ရော​က်ရှိနေပြီး ချင်းတွင်းမြစ်ရေ ကြီးမြင့်လာနိုင်မှုကြောင်း မြစ်ရေမြင့်တက်လာပါက အချိန်မီသတိပြုရှောင်ရှားနိုင်ရေး သတိပေးဆောင်ရွက်မှုကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့က မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြပါရန် လိုက်လံသတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)