ကန့်ဘလူမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ကန့်ဘလူ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့မန်နံနက်ပိုင်းက အ.လ.က(၅)ကျောင်း၌ ဆောင်ရွက်ကြသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ရည်မှန်းချက်များ အောင်မြင်စေရေး ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးတို့ကို ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)