တောင်ငူ ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စားအုန်းဆီရောင်းချနေမှုများအား လိုက်လံကြပ်မတ်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့လိုက်လံကြပ်မတ်စစ်ဆေးရာတွင် တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ ခရိုင်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချမှု ရှိ/မရှိ လိုက်လံကြပ်မတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)