မော်လိုက် ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူ များကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် နိုင်ငံတာ်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဇူလိုင်လ (၁၀)ရက်နေ့ နံနက်(၉) နာရီအချိန်ကဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်စိုးဦးဆောင်၍ ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များကပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများကို ပေါင်ချိန်ခြင်း၊ကျန်းမာရေး စမ်းသပ်ပေးခြင်း၊ဆေးပေးဝေခြင်း၊ ကျန်းမာရေးအသိပညာများဟောပြောခြင်း၊ လက်ကမ်းစာ စောင်များဖြန့်ဝေခြင်း၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ထိုသို့ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊မြို့နယ်ပညာရေးမှူးတို့က ကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။
ကိုထက်(ပြန်/ဆက်)