နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း အခမ်းအနားမှူး သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

လဟယ် ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းသည် ယနေ့နံနက် (၀၉:၀၀) နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လဟယ်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခမ်းအနားမှူး သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။

ဦးစွာနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းက သင်တန်းဆင်း အမှာစကားပြောကြားပါသည်။ ထို့နောက် နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက သင်တန်းနည်းပြ ဆရာများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ၊ သင်တန်းသားထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ပါသည်။ ၎င်းနောက် သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း၊ အတွင်းရေးမှူး ဦးညီညီထွေး၊ နာဂဦးစီးအဖွဲ့၀င်များဖြစ်တဲ့ ဦးရှုမောင်(စီမံ)၊ ဦးထန်ငူ(လူမှု)၊ ဦးဟာမန်(စီးပွါး)၊နှင့် လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့်အဖွဲ့၀င်များ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မြတ်ဆု၀င်းနှင့်အဖွဲ့၀င်များ သင်တန်း သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)