ထားဝယ်မြို့၊ အမြှားကျေးရွာအုပ်စုရှိကျေးရွာများတွင် ဆန်ရိက္ခာ (၁)လစာထောက်ပံ့ပေးအပ်

ထားဝယ် ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့နယ်တွင်ဆန်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ၊မေတ္တာမြို့ အမြှားကျေးရွာအုပ်စုရှိအင်းတပုံကျေးရွာ၊မင်းငို့ကျေးရွာ၊ထောမင်းဖြိုးကျေးရွာနှင့် ထောမကျေးရွာ များသို့ဇန်နဝါရီ ၂၂ ရက်နေ့နံနက်ပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် တိုင်းရင်းသား ရေးရာဝန်ကြီးဦးစောလုကာနှင့်တာဝန်ရှိသူများက ဆန်ရိက္ခာများ ()လစာ ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလုကာ ဘေးအန္တရာယ ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည် နှင့် တာဝန်ရှိသူများက အင်းတပုံကျေးရွာ ၊ မင်းငို့ကျေးရွာ ၊ ထောမင်းဖြိုးကျေးရွာ နှင့် ထောမကျေးရွာရှိ အိမ်ထောင်စု (၁၃၄) စု၊ လူဦးရေ(၇၁၀)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၆၃.) သိန်းတန်ဖိုးရှိဆန်ရိက္ခာ()လစာ အိတ်ပေါင်း(၇၁၀)အိတ်နှင့် Hygiene kit ပုံး(၅၀) တို့ကို ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများ က ကျေးရွာနေ ပြည်သူများအား နှာခေါင်စည်းMask နှင့် သဘာ၀ ဘေးအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်

ကျော်ကျော်လတ်(ခရိုင်ပြန်/ဆက်)